ကျွန်တော့ရဲ့ နှင်းဥဆောင်းဘလော့ဂ်မှ နွေးထွေးစွာ ကြိုဆိုပါသည်။

Sunday, April 4, 2010

မျှော်လင့်ဆဲ ပန်းတစ်ပွင့်

၅. ၄. ၂၀၁၀
ဧပရယ်လ

ငါ .......... အဆုံးမဲ့ ရူးသွပ်ခဲ့တယ်
ငါ့အတ္တ ငါ့မာနတွေကိုတောင် ချောင်ထိုးခံထားရတာ
ဒါတွေကို မင်းသိဖို့ ကောင်းတယ်
တကယ်ပဲ မင်းမသိလို့ လားကွာ ........
ထားလိုက်ပါ

အတောင်စုံတဲ့ ငှက်တစ်ကောင်ဟာ
လေဟုန်စီးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ
သူ့ မှာ ရှိကောင်းရှိမယ် ........
ဒါပေမယ့် ...
သူ့ မှာ ကြောက်စိတ်တော့ရှိမှာပဲ ။

မင်းလည်း အဲ့ဒီလိုပဲ
မမြင်နိုင်တဲ့ လောကရဲ့ လှည့်ကွက်တွေကို
ဒီအချိန်မှာ မင်းကောင်းကောင်း နားမလည်နိုင်သေးပေမယ့်
မင်းစိတ်ထဲမှာတော့ အမြဲလိုလို
သွက်လပ် မြူးကြွနေတယ် ။

ဒါကို ငါက တစ်ဖက်သက်နဲ့ 
ဇွတ်ချစ်မိနေတော့လည်း ငါ့အပြစ်ပဲပေါ့
ငါ ဖမ်းဆုပ်ဖို့ ဟန်ပြင်လိုက်တဲ့
မင်းလက်တစ်စုံဟာ
မမှီနိုင်တော့မှန်း ငါသိလိုက်ချိန်
ငါ့ရင်ထဲမှာ ပေးဆပ်ခြင်းအချစ်တွေ
ထိန်းမရအောင် ရုန်းကြွခဲ့တယ် ။

မင်းလွတ်လပ်စွာ စိတ်တိုင်းကျ
ပျံသန်းနိုင်ပါတယ် မိန်းခလေး
ဒါပေမယ့် ........
ငါ့နှလုံးသားကတော့
ပထမဆုံးအကြိမ်မှာပဲ အလဲထိုးခံလိုက်ရပြီး
မင်းနဲ့ စခဲ့တဲ့ အချစ်ကြိုးဝိုင်းထဲမှာ
ရင်ထဲ မချိအောင် ရှုံးနိမ့်ခဲ့သူပါကွာ ........... ။ ။

Ref:သော်ခ

No comments:

Post a Comment